အွန်လိုင်းဗီဒီယို အလုပ်ရုံဆွေးနွေးပွဲများ

ကျွန်ုပ်တို့သည် သူရဲကောင်းအစစ်အမှန်များကို လေးစားမြတ်နိုးပါသည်။

၂၀၂၁ ခုနှစ်၊ မတ်လ ၁၅ ရက်မှ ၁၉ ရက်နေ့၊ နေ့လည် ၂:၃၀ မှ ညနေ ၅:၃၀ အထိ

သင်ကြားပို့ချမည့်သူများ၊
အပြည်ပြည်ဆိုင်ရာ ဗီဒီယို ကျွမ်းကျင်ပညာရှင်များ၊
လက်ခံကျင်းပသူ၊
ခရစ်စတိုဖ် အေ ဂီစီလာ၊ တစ်မိနစ်အကယ်ဒမီ ထူထောင်သူ။
ထုတ္လုပ္သူ၊
တစ်မိနစ် အကယ်ဒမီ နှင့် အိုင်ဒဘလျူပီအား ယခုအလုပ်ရုံဆွေးနွေးပွဲတွင် ပါဝင်ရန် လျှောက်ထားပါ။

ကျွန်ုပ်တို့သည် ဖြစ်ရပ်မှန် အကြောင်းအရာများကို တန်ဖိုးထားပါသည်။

အတုအယောင်လုပ်ကြံဖြစ်ရပ်များကြောင့် အမှန်တရားကို ရှာဖွေရန် ပိုမိုခက်ခဲလာသည့် ယနေ့ခေတ် အင်တာနက်အွန်လိုင်းပတ်ဝန်းကျင်တွင် စစ်မှန်သည့်ဖြစ်ရပ်ပြောဆိုမှုများသည် ဒစ်ဂျစ်တယ်ချိတ်ဆက်နယ်ပယ်တွင် နောက်ဆုံးပေါ်တိုက်ပွဲတစ်ခုသဖွယ် ဖြစ်ပေါ်လာပါသည်။

ပိုမိုကောင်းမွန်စွာ လည်ပတ်နိုင်မည့်လူအဖွဲ့အစည်းအတွက် တရားကျသည့်ထုတ်ဖော်ပြောဆိုဆက်သွယ်မှုကို ပံ့ပိုးမွေးမြူနိုင်မည့် အကောင်းဆုံးသော နည်းလမ်းမှာ လူထုအား ကျွမ်းကျင်သည့်ဗီဒီယိုကိရိယာနှင့် နည်းပညာများကို အသုံးပြု၍ ဖြစ်ရပ်မှန်များကို ပြောဆိုတင်ပြနိုင်ရန် ကူညီထောက်ပံ့ခြင်းပင် ဖြစ်သည် ကျွန်ုပ်တို့ ယုံကြည်ပါသည်။

တစ်မိနစ်အကယ်ဒမီ (One Minute Academy ) သည် ကမ္ဘာတစ်ဝှမ်းရှိ အလားအလာအကောင်းဆုံးသော ဖြစ်ရပ်ပြောဆိုတင်ပြသူများမှ အချို့ကို စကာတင်ရွေးချယ်ကာ ၄င်းတို့အား သတင်း မီဒီယာအသိပညာတတ်မြောက်မှု ဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းနှင့် တပြိုင်တည်းတွင် လူမှုပေါင်းစည်းမှုနှင့် ဒီမိုကရေစီအဖွဲ့အစည်းများ၏ ပေါင်းစည်းညီညွတ်မှုတွင် ယုံကြည်မှုများ တည်ဆောက်နိုင်ရန် အားပေးအထောက်အကူဖြစ်မည့် ဖြစ်ရပ်ပုံပြင်များကို ပုံသွင်းဖန်တီးပြောဆိုနိုင်ရန်အထောက်အကူပေးခြင်းတို့ကို ဆောင်ရွက်လျက်ရှိပါသည်။

STUDENT VIDEOS

အွန်လိုင်း သင်တန်းဆရာများ

ခရစ်စတိုဖ် ဂီစီလာ

ခရစ်စတိုဖ် အလက်ဇန်းဒါး ဂီစီလာသည် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့အိန်ဂျလစ်မှ ရုပ်ရှင်ရိုက်ကူးသူ နှင့် ပညာပေးသင်တန်းဆရာတစ်ဦး ဖြစ်ပါသည်။ သူသည် တစ်မိနစ်အကယ်ဒမီ၏ တည်ထောင်သူဖြစ်ပြီး ပရင်းစတန်တက္ကသိုလ်၊ Adobe အဒိုဘီ နှင့် အမေရိကန် Department of State တို့အတွက် တစ်မိနစ်ဗီဒီယို ကျွမ်းကျင်ပညာရှင် အဖြစ် အလုပ်လုပ်ကိုင်ခဲ့ဖူးပါသည်။ သူသည် ပညာပေးဗီဒီယိုများ သင်တန်းပေးခြင်းနှင့် ထူးခြားပြောင်မြောက်ခြင်း အကောင်းဆုံးဆုအတွက် ဟော်ရိုင်ဇန် အင်တာအက်တစ်ဖ် ရွှေဆု (၂၀၁၉ ) နှင့် ဆက်သွယ်ရေးဆု (၂၀၂၀) ရရှိထားသည့် ၄င်း၏ တစ်မိနစ် နည်းလမ်းကို အသုံးပြုကာ National Geographic Society အတွက် ဓါတ်ပုံပညာသင်တန်းကို ထုတ်လုပ်ခဲ့ပါသည်။ သူသည် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ၊ ဂျာမန်နှင့် ဒက်ချ် ဘာသာစကားများကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါသည်။

အလုပ်ရုံဆွေးနွေးပွဲ သင်ရိုးညွှန်းတမ်းး

Pre-production

အကြို ထုတ်လုပ်မူ

ဖြစ်ရပ်ဘုတ်

ဖြစ်ရပ်ဘုတ်

ခွင့်ပြုချက်များ

Production

ထုတ်လုပ်မူ

ကင်မရာ အသုံးပြုပုံ

အလှဖန်တီးမူများ

တွေ့ဆုံမေးမြန်းခြင်း

Maria de Barros

ထုတ်လုပ်မူ အပြီး

ဖိုင် စီမံခန့်ခွဲမူ

ဗီဒီယို တည်းဖြတ်ခြင်း

အထူးပြင်ဆင်ချက်များ

Maria de Barros

သီအိုရီ

သီအိုရီ

နည်းဗျူဟာ

ဆက်သွယ်ရေးနည်းလမ်းများ

ပညာပေး အဖွဲ့

ကလောဒီ ဂရုနစ်ဇ်ကီ

ကလောဒီ ဂရုနစ်ဇ်ကီသည် TRACE ခေါ် အရှိန်မြင့် တိုးတက်နေသည့် မီဒီယာ ကုမ္ပဏီ၏ တည်ထောင်သူဖြစ်ပြီး TRUE Africa ထရူး အာဖရိက ခေါ် အာဖရိကလူငယ်များ၏ အသံကို မြှင့်တင်ပေးသည့် မီဒီယာ နည်းပညာ ပလက်ဖောင်း၏ တည်ထောင်သူလည်း ဖြစ်ပါသည်။ လန်ဒန်တက္ကသိုလ်နှင့် အမ်အိုင်တီ MIT ကျောင်းဆင်းဖြစ်ပြီး ဂရုနစ်ဇ်ကီးသည် MASS MoCA နှင့် Humanity in Action လူသားခြင်းစာနာမူ လှူပ်ရှားမူ၏ ဦးဆောင်သူတစ်ဦးလည်း ဖြစ်ပါသည်။ ဟားဗတ်ကန်နီဒီကျောင်းတွင် လူမူစွန့်ဦးတီထွင်မူကို သင်ကြားပြီး YALI အစီအစဉ် တွင် စွန့်ဦးတီထွင်မူကို အချိန်ကြာမြင့်စွာ သင်ကြားပြသခဲ့သူ တစ်ဦးလည်း ဖြစ်ပါသည်။ သူသည် အင်္ဂလိပ်၊ ပြင်သစ်၊ စပိန်၊ ပေါ်တူဂီ နှင့် တိုဂိုလိစ် ဘာသာစကား မီနာ နှင့် ယု ကို ကျွမ်းကျင်စွာ ပြောဆိုနိုင်ပါသည်။

ပီရီဂရိုင်း အော်လန်ဒါ

ပီရီဂရိုင်း အော်လန်ဒါသည် အမေရိကန် ပြည်နယ်ဌာန the U.S State Department အတွက် အစည်းအဝေးဆိုင်ရာ ခေါင်းဆောင် နှင့် သင်တန်းဆရာအဖြစ် အာဖရိကန် ဒေသဆိုင်ရာ ဝန်ဆောင်မူများ ပျောဆိုရေး အစီအစဉ် နှင့် သတင်းအချက်အလက် အစီအစဉ်များဗျူရို နည်းပညာကျောင်း မှတစ်ဆင့် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ သူမသည် ဒစ်ဂျစ်တယ် ဖြစ်ရပ်ပြောဆိုခြင်း၊ ဆဲလ်ဖုန်း ဗီဒီယို ထုတ်လုပ်ရေး၊ လူမူမီဒီယာ ဆိုင်ရာ အသုံးချကိရိယာများ၊ ဆွဲဆောင်ရေးသားခြင်း နှင့် ပုဂ္ဂိုလ်ရေး တန်ဖိုးမြှင့်တင်ခြင်း စသည့် ခေါင်းစဉ်များအတွက် သင်တန်းဆရာမ အဖြစ် ဆောင်ရွက်လျက်ရှိပါသည်။ သူမတွင် ပြင်သစ်စာပေဆို်င်ရာ ၀ိဇ္ဖာဘွဲ့ (၂၀၀၆) နှင့် အမေရိကန် တက္ကသိုလ် ပြင်သစ်မှ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေး မဟာဝိဇ္ဖာဘွဲ့ (၂၀၀၈) ကို ရရှိထားပါသည်။

ထရေ့ ဖန်

ထရေ့ ဖန်သည် မီချီဂန်၊ ဒက်ထရိုက်မှ တစ်မိနစ် မီဒီယာကုမ္ပဏီ၏ ထုတ်လုပ်သူတစ်ဦး ဖြစ်ပြီး တစ်မိနစ်အကယ်ဒမီအတွက် လွတ်လပ်စွာ လုပ်ကိုင်ခဲ့ပါသည်။ သူသည် ခရစ်စတိုဖ် နှင့်အတူ ပရင်စတန်တက္ကသိုလ် နှင့် အာဖရိက၊ အာရှ နှင့် တောင်အမေရိကရှိ ပြည်နယ်ဌာန အစီအစဉ်များ အတွက် ပွဲများ အတူတူ ထုတ်လုပ်ခဲ့ဖူးပါသည်။ သူသည် ပရင်စတန်တက္ကသိုလ်မှ လူမူဗေဒ A.B ဘွဲ့ရထားပြီး အင်္ဂလိပ်၊ ပြင်သစ်နှင့် မန်ဒရင်း ဘာသာစကား ကို ကျွမ်းကျင်စွာ ပြောဆိုနို်င်ပါသည်။

တစ်မိနစ် အကယ်ဒမီ

ကျွန်ုပ်တို့သည် ပညာရေးကုမ္ပဏီ တစ်ခုဖြစ်ပြီး တစ်မိနစ်စာ ဗီဒီယိုများကို ကျွနုပ်တို့လုပ်ကိုင်သည့် ကိစ္စရပ်များအားလုံး၏ အခရာအဖြစ် ထားရှိပါသည်။ ဤနည်းဗျူဟာကို ဗီဒီယိုသာ ပထမ လို့ခေါ်ပါသည်။

ကျွန်ုပ်တို့ ဦးတည်ချက်မှာ ကမ္ဘာတစ်ဝှမ်းတွင် တစ်မိနစ်စာဆီဖြင့် ဗီဒီယိုနှင့် သက်ဆိုင်သည့် တတ်မြောက်မူများကို ဖြန့်ဝေရန် ဖြစ်ပါသည်။ ကျွန်ု်ပ်တို့သည် ဆရာများ အဖွဲ့အစည်းများမှ လက်တွဲကာ ကျောင်းသားများနှင့် အလုပ်သမားများအတွက် ကိုယ်တိုင်ဖန်တီး ထုတ်ဖော်ပြသခြင်းအတွက် အခွင့်အရေး အသစ်များကို ပံ့ပိုးပေးလျက်ရှိပါသည်။ ၄င်းတို့မှာ စွန့်ဦးတီထွင်သူများ၊ စာနယ်ဇင်း သတင်းသမားများ နှင့် ဖြစ်ရပ်ပြောဆိုတင်ပြလိုသူတိုင်းအတွက် တန်ဖိုးကြီး အရေးပါသည့် ကျွမ်းကျင်မူများ ဖြစ်ပါသည်။ ကျွန်ုပ်တို့ပြောလေ့ရှိတာကတော့ ”အတိုချုပ်ပြော” ပြီးတော့ ”လူတွေရဲ့အချိန်ကို မဖြုန်းနဲ့” ဆိုတာပဲ ဖြစ်ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာ့အကြီးဆုံး အဖွဲ့အစည်း အချို့ ဖြစ်သည့် Adobe နှင့် National Geographic တို့ကဲ့သို့ အဖွဲ့များအတွက် အွန်လိုင်း ဗီဒီယို ပညာရေးဆိုင်ရာ နည်းဗျူဟာများကို ဖန်တီးပေးလျက် ရှိပါသည်။ ကျွနု်ပ်တို့သည် အမေရိကန် သံရုံး နှင့် ကောင်စစ်ဝန်ရုံး ၆၅ ခုနှင့် လွန်ခဲ့သော ၁၀ နှစ်အတွင်း ဗီဒီယို ထုတ်လုပ်ရေး နှင့် ဖြစ်ရပ်ပြောဆို တင်ပြခြင်း ဦးတည်သည့် အပြည်ပြည်ဆိုင်ရာ အစီအစဉ်များကိုလည်း လက်တွဲလုပ်ကိုင်ခဲ့ပါသည်။

ကျွန်ုပ်တို့သည် ကမ္ဘာကြီး၏ စိန်ခေါ်မူ ပြသနာရပ်များကို ဖြေရှင်းရန် ဟန်ပြသာ မဟုတ်ဘဲ တစ်နေ့ ထိုသို့ဖြေရှင်းနိုင်မည့်သူများကို မွေးထုတ်သင်ကြားပေးနိုင်မည်ဟု မျှော်လင့်ထားပြီး ဤမျှော်လင့်ချက်ဖြင့်ပင် ကျွနု်ပ်တို့ကို ခွန်အားဖြစ်စေပါသည်။

အချက်အလက်များ ပိုမိုရယူရန် https://www.oneminuteacademy.com

IWPR

အပြည်ပြည်ဆိုင်ရာ စစ်နှင့် ငြိမ်းချမ်းရေး သတင်း သည် လူမူမီဒီယာနှင့် သတင်းမီဒီယာများ၊ သမာရိုးကျ မီဒီယာလုပ်ငန်းများတွင် လုပ်ကိုင်လျက်ရှိသည့် နိုင်ငံသား စာနယ်ဇင်းသတင်းသမားများ နှင့် ပညာရှင်များ၏ ကျွမ်းကျင်မူကို တိုးမြှင့်ပေးလျက် ရှိပါသည်။ အစီအစဉ်များသည် ၄င်းတို့အား အပြည်ပြည်ဆိုင်ရာ အသိအမှတ်ပြု သတင်းနှင့် ခွဲခြမ်းစိတ်ဖြာရေး စံနှူန်းများအတိုင်း မျှတ ထိရောက်သည့် နည်းလမ်းများဖြင့် သတင်းဖန်တီးနိုင်ရေး ရည်ရွယ်ချက်ဖြင့် သင်တန်းပေး သင်ကြားပြသပေးလျက်ရှိပါသည်။

သတင်းသမားများ၊ တည်းဖြတ်သူများ၊ ထုတ်လုပ်သူများ၊ ဘလော့ဂါ နှင့် မန်နေဂျာများသည် မဲပိုင်ရှင်များ အားလုံး၏ ထင်မြင်ယူဆချက်များကို တန်ဖိုးထားလေးစားသည့် တရားမျှတပြီးအများပါဝင်သည့် ဒီမိုကရေစီ စနစ်များ တည်ဆောက်ရာတွင် အရေးပါသည့် နိုင်ငံသားများ၊ အစိုးရ၊ မီဒီယာ၊ စီးပွားရေးလုပ်ငန်း နှင့် အခြားအဖွဲ့အစည်းများ၏ ကဏ္ဍကို ကူညီသတ်မှတ် နားလည်စေနိုင်သည့် ထိရောက်အကျိုးရှိသောသတင်း၏ တန်ဖိုးကို လေ့လာကြရမည် ဖြစ်ပါသည်။

အချက်အလက်များ ထပ်မံရယူရန် https://iwpr.net